ဂျပန်နိုင်ငံ တိုကျိုမြို့Shinjaku ရပ်ကွက်မှာ Stop!AIDS ဆိုတဲ့ အလှူငွေပွဲလေးတစ်ပွဲကို ပြီးခဲ့တဲ့စနေတနင်္ဂနွေတုန်းက ပြုလုပ်ခဲ့ပါတယ်။
အလှူငွေပွဲလေးဆိုပေမဲ့ ကမ္ဘာသိဖြစ်ရလောက်အောင် သူရဲ့လှူဒါန်းမှုပုံစံက ထူးခြားပါတယ်။
ဒီပွဲမှာ နာမည်ကြီး အပြာမင်းသမီးတွေက ဝင်ရောက်ကူညီခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ရှပ်အင်္ကျီတွေကို ပုံပါအတိုင်း မပေးထားမှာဖြစ်ပါတယ်။ ပွဲကိုလာရောက်တဲ့ အမျိုးသားတွေဟာ အလှူငွေထည့်ဝင်ပြီး ကိုင်တွယ်ခွင့်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ ၁၈ နှစ်ကျော်ရမှာဖြစ်ပြီး မကိုင်ခင် လက်ကို ပိုးသတ်ရပါမယ်။ အလှူငွေဟာ ဂျပန်ယန်း ၁၀၀၀ ကျော်အထက် ထည့်ရမှာဖြစ်ပါတယ်။
လှူဒါန်းသူအမျိုးသားဟာ ထပ်ကာထပ်ကာလှူဒါန်းခွင့်လည်း ရှိတယ်လို့ ဆိုပါတယ်။
ရရှိလာတဲ့ငွေကြေးအားလုံးကို ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ AIDS ရောဂါ ကုသကာကွယ်ရေးအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။
ဒီပွဲကို ဂျပန်ရုပ်သံဌာနတွေက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး အခြားအစီအစဉ်တွေလည်းပါဝင်တယ်လို့ဆိုပါတယ်။
“ကျွန်မရင်သားတွေက လူအဖွဲ့အစည်းကို အကူအညီဖြစ်လိမ့်မယ်လို့ တစ်ခုမှမတွေးခဲ့ဖူးဘူး” လို့ အပြာစတားတစ်ဦးဖြစ်သူ Rina Serina က Tokyo Sport ကို ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment