ႀကဳိဆုိပါ၏

ရွှေကောင်းစံ ဖုန်းအမျိုးမျိုး အထူး
ဈေးနှုန်းချိုသာစွာဖြင့် မှ လှိုက်လှဲစွာ ကြိုဆိုပါသည်။ http://www.techniciankominmin.blogspot.com

IT Kominmin

https://6cfe027e-a-62cb3a1a-s-sites.googlegroups.com/site/techniciankominmin/-application/complete-finish.gif?attachauth=ANoY7cpGquOWVnDdhFw0_tnaUxUXGeWamwc3b08lLyrzMQXZsVFWiYiGi50UcyebTcqM2s5wiaTrQ8E-YRGFV4lhzFGmZ6FHLLRN1Y0RMVlZhmJohXe4cU9D1ou5Prtzef2GgNCsoQi4AZwdVdSakPggYIdY7fww2MTYzS1G4bIMThVGkPBoM5AhpAFNAhgOM77t5q_hbkSRcSdCjv7R-x6pR3z9zMX0r7Wz-pHd9CWXlxOjal2yS4fCkdUvwWJn9a8LmgBEBo6I&attredirects=0

Saturday, August 30, 2014

Telenor Sim Card နှင့်တွဲဖက်ပြီး Huawei ဖုန်းများကို သင့်တင့်သောဝန်ဆောင်မှုဈေးနှုန်းများဖြင့်ရောင်းချမည်

စက်တင်ဘာလတွင် ချထားပေးမည့် တယ်လီနောဆင်းမ်ကတ်များနှင့်အတူတွဲဖက်၍ Huawei  ဟန်းဆက် များကို သင့်တင့်သောဝန်ဆောင်မှု ဈေးနှုန်းများဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ မှသြဂုတ် ၂၆ ရက်တွင် သိရသည်။  တယ်လီနောမြန်မာနှင့် ဟွာဝေးဖုန်းကုမ္ပဏီတို့မှပူးပေါင်း လုပ်ဆောင်မှု သဘောတူစာချုပ်ကို သြဂုတ်၁၃ ရက်တွင်ချုပ်ဆိုခဲ့ပြီး တယ်လီနောဆင်းမ်ကတ် စတင်ရောင်းချချိန်၌ ဟွာဝေးဟန်းဆက်များနှင့် တွဲဖက်ရောင်းချသွားရန် သဘောတူညီချက် ရှိခဲ့သည်။  
ယင်းစာချုပ်အရ နှစ်ဦးပူးပေါင်းဆောင်ရွက်သော အရောင်းမြှင့်တင်မှုလုပ်ငန်းများ၊ဟွာဝေး၏  portfokio အား တယ်လီနော၏ ချန်နယ်များမှတစ်ဆင့် ဖြန့်ချိပေးခြင်း နှင့် Brand နှစ်ခုစလုံး ပါဝင်သော ဈေး ကွက် ဆောင်ရွက်မှုများစသည့်တယ်လီ နောနှင့် ဟွာဝေးပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်များ ပါဝင်ကြောင်းသိရသည်။  "မြန်မာနိုင်ငံမှာ ဈေးကွက် ဦးဆောင်မှုမြင့်တဲ့ ဟွာဝေးဟန်းဆက်နဲ့ ပူးပေါင်းပြီး ၀န်ဆောင်မှုစတင်တာနဲ့ ဆင်းမ်ကတ်နဲ့ တစ်ပါးတည်းရောင်းချပေးသွားမယ့် အစီအစဉ်ရှိပါတယ်။ ၀န်ဆောင် မှု ဈေးနှုန်းတွေကလည်း သင့်တင့်သလိုအဆင်ပြေပြေသုံးစွဲနိုင်မယ့် ဟွာဝေး ဟန်း ဆက်နဲ့ တွဲရောင်းချသွား မှာ ဖြစ်ပါတယ်။လက်ရှိမှာတော့ ဟွာဝေးတစ်ခုတည်း ဖြစ် ပေမယ့် အခြားဟန်းဆက်ကုမ္ပဏီတွေနဲ့ လည်းပေါင်းပြီး ဈေးနှုန်းအသင့်အတင့်နဲ့ သုံးနိုင်အောင်နောက်တပ် တစ်ပါတည်းရောင်းချသွားမယ့် အစီ စဉ်တွေလည်း ရှိပါတယ်"ဟု တယ်လီနောမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
တယ်လီနောထုတ် ဆင်းမ်ကတ်များသည် မည်သည့်ဖုန်း အမျိုးအစားတွင်မဆိုထည့် သွင်းအသုံးပြုနိုင် မည်ဖြစ်ပြီး ဖုန်းအမျိုးအစားပေါ်မူတည်၍ 2G နှင့် 3Gကွန်ရက်ကို သုံးစွဲနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။ ယင်းဆင်းမ်ကတ်များသည် အခြေခံလူ တန်းစားများ လက်ရှိသုံးစွဲနေသည့် ကီးပတ်ဖုန်းများတွင်လည်း ထည့်သွင်းအသုံးပြု နိုင်မည်ဖြစ်ကြောင်းသိရသည်။  တယ်လီနောဆင်းမ်ကတ်များကိုငွေကျပ် ၁၅၀၀ ဖြင့် လာမည့် စက်တင်ဘာလတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများတွင် စတင်ရောင်းချပေး သွားရန်ရှိပြီး ဖုန်းခေါ်ဆိုရာ၌လည်းမည်သည့် ဆင်းမ်ကတ်အမျိုးအစားကိုခေါ်ဆိုသည်ဖြစ်စေ တစ် မိနစ် ၂၅ ကျပ်သာ ကောက်ခံသွားမည်ဟု တယ်လီနောက ထုတ်ပြန်ထားသော်လည်း အင်တာနက်သုံးစွဲမှု မည်သို့ကောက်ခံမည်ကို ထုတ်ပြန်ခြင်းမရှိသေးသည့်အတွက်သုံး စွဲမည့်ပရိသတ်၏ စိတ်ဝင်စားမှုမြင့် တက်နေပြီးအများပြည်သူ အသုံးပြုနိုင်မည့်သက် သာသည့် နှုန်းထားတစ်ခုအဖြစ် သတ်မှတ်ပေးရန် တယ်လီနောမြန်မာ လူမှုကွန်ရက် များမှတစ်ဆင့် တောင်းဆိုမှုများရှိနေကြောင်း သိရသည်။
Credit : စံတော်ချိန်

No comments:

Post a Comment

 photo website logo copy_zpsttyhoshx.jpg

background


စိတ်အမောပြေ Piano လေး တီးလိုက်ပါ

mmmm