မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ၀န်ကြီးအပြောင်းအ လဲကြောင့်
အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုထားသည့် အချက်အလက်
များကို ဆောင်ရွက်ရန် ပျက်ကွက် ခဲ့သည့်အတွက် အမေရိကန်အ
ခြေစိုက်ကုမ္ပဏီတစ်ခုက စက်တင်ဘာတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို
တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကုမ္ပဏီက US မှာ ဖြစ်တဲ့ အတွက် အမေရိကန်နိုင်ငံကနေ တစ်ဆင့်သွားပြီး
တရားစွဲမယ်။ လုပ်ငန်းနစ်နာမှုကြောင့် ဒါရိုက် တာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့
ကန် ဒေါ်လာ သန်း ၃၀ ရလိုမှုရယ်၊ ကျွန်မတစ်ဦးတစ်ယောက်အနေ နဲ့ နစ်နာမှုကြောင့်
ကန်ဒေါ်လာ သန်း ၁၅၀ ရလိုမှုရယ် အမှုနှစ်ခုနဲ့ တရားစွဲသွားမှာ ဖြစ်ပါတယ်’’ ဟု
အမေရိကန်အခြေစိုက် ကုမ္ပဏီ I.I (W.S) ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာမြတ်နုခိုင်က
ပြောသည်။
I.I (W.S) သည် TT Project ဟု အမည်ပေးထားသည့် လုပ်ငန်း တစ်ခုကို
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန်
သဘောတူညီမှု စာချုပ်ကို ၁၉၉၉ ခုနှစ်က ဦး ဆောင်ညွှန်ကြားရေးမှူး ဦးမောင်
မောင်တင်၊ အင်ဂျင်နီယာချုပ် ဦး တင့်လွင်နှင့် ဆက်သွယ်ရေးဝန်ကြီး
ဗိုလ်ချုပ်ဝင်းတင်တို့ ပါဝင်လက် မှတ်ရေးထိုးခဲ့ကြောင်း ၀န်ကြီး အပြောင်းအလဲ
ဖြစ်ပေါ်လာသည့် အတွက် စာချုပ်ပါ အချက်များ ပျက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ
မြတ်နုလွင်က ဆိုသည်။
‘‘တရားစွဲလာမယ်ဆိုရင် တော့ နိုင်ငံတော်ရဲ့ လုပ်ထုံးလုပ် နည်းအတိုင်းပဲ
ဆက်သွားဖို့ ရှိပါ တယ်။ သူတို့က ဘယ်လိုပုံစံမျိုးနဲ့ တရားစွဲမယ်ဆိုတာကို
အသေး စိတ်မသိရသေးတဲ့အတွက် သီး ခြားမှတ်ချက်ပေးချင်တာမျိုး မရှိ ပါဘူး’’ ဟု
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ပြည်ပဆက်သွယ်ရေး ဌာနအင်ဂျင်နီယာချုပ်
ဦးစိုင်းစိုး လင်းထွန်းက ပြောသည်။
စာချုပ် ချုပ်ဆိုရာတွင် အ မေရိကန်နှင့် အိန္ဒိယတို့ ပူးပေါင်း လုပ်ဆောင်မည့်
ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတွင် ဂြိုဟ်တုလှိုင်း နှုန်း မြန်မာနိုင်ငံ၏ လေနယ်
နိမိတ်ပေါ်တွင် ဖြတ်သန်းသွား လာခွင့် ပြုရမည်ဖြစ်ပြီး အသုံးပြု ခွင့်အတွက်
မြန်မာ့ဆက်သွယ် ရေးအနေဖြင့် တစ်မိနစ်လျှင် ကန် ဒေါ်လာ
ငါးဆင့်နှုန်းရရှိမည်ဖြစ် ကာ တစ်လလျှင် ကန်ဒေါ်လာ ငါး သိန်းမှ ငါးသန်းအထိ
ရရှိနိုင်မည် ဖြစ်ကြောင်း သဘောတူညီမှုများ ပြုလုပ်ခဲ့သည်။
သို့သော် လုပ်ငန်းစတင်၍ တစ်နှစ်ခွဲခန့်အကြာ ဆက်သွယ် ရေးဝန်ဆောင်မှုများ
ပေးရန် စမ်း သပ်မှုများ ပြုလုပ်နေချိန်တွင် ဆက်သွယ်ရေးဝန်ကြီး အသစ်
တက်လာပြီး နောက်ပိုင်း၌ အ ကြောင်းကြားခြင်းမရှိဘဲ စာချုပ် ပါ
အချက်အလက်များရပ်ဆိုင်း သွားခဲ့သည့်အတွက် I.I (W.S) အနေဖြင့်
ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများဆုံးရှုံးခဲ့ပြီး လုပ်ငန်းအချို့လည်း
ရပ်ဆိုင်းခဲ့ရကြောင်း ဒေါက်တာမြတ်နုလွင်က ပြောသည်။
‘‘လုပ်ငန်းက စဖို့အတွက် အ သံကြည်လင်မှု စမ်းသပ်နေတုန်း ပဲ။
တကယ်အသုံးပြုတဲ့အထိကို တောင် မရောက်လိုက်ဘူး။ ၀န် ကြီးအသစ်တက်လာတဲ့နောက်
ပိုင်းမှာ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့လည်း အဆက်အသွယ်မရတော့ ဘာမှလည်း
မသိရဘဲနဲ့ လုပ်ငန်းတွေကလည်း ရပ်ခဲ့ရတယ်’’ ဟု ၎င်းကပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သို့ အကြောင်းကြားစာ
နှစ်ကြိမ် ပေးပို့ပြီး ယခုတစ်ကြိမ်တွင် တရားစွဲဆိုရန် ဆုံးဖြတ်ခြင်းဖြစ်ကာ
တရားစွဲဆိုခွင့်ရရှိပါက မြန်မာနိုင်ငံအနေဖြင့် ဂြိုဟ်တုနဲ့ပတ်သက်
သည့်ဆက်သွယ်မှုများ အသုံးပြုမရအောင် တားမြစ်ခြင်းမျိုးလည်း ပြုလုပ်သွားရန်
စီစဉ်ထားကြောင်း ဒေါက်တာမြတ်နုလွင်က ပြောသည်။
No comments:
Post a Comment